နာမည်ရင်း နဲ့အသက် - နာမည်ရင်းက အေးငြိမ်းသာပါ...။ September ၁၉ရက်နေ့ကပဲ ၁၉ နှစ် ပြည့်ခဲ့ပါတယ်...။
ကိုယ်ရေးအကျဉ်း - မိသားစုဝင် ၄ ဦးရှိပေမယ့် ၁ယောက်တည်းနေတာများပြီး သီချင်းတွေလုပ်လိုက် ၊ စာဖတ်လိုက် ၊ ၀တ္ထုလေးတွေရေးလိုက်နဲ့ အချိန်ကိုအသုံးချဖြစ်ပါတယ်..။
ဂီတလောကကိုစတင်မိတဲ့အချိန် - ၂၀၀၈ နိုဝင်ဘာလလောက်မှာ Blar Mae အဖွဲ့နှင့်အတူတူ *တယ်လီဖုန်း* ဆိုတဲ့သီချင်လေးနဲ့ စပြီးအခြေချဖြစ်ခဲ့ပါတယ်..။
Rap ကိုဘာကြောင့်စိတ်ဝင်စားတာလဲ - လူ ၁ယောက်ရဲ့ Rapping လေးတွေကို နားထောင်ရင်းကနေ ကိုယ်ပါ အလိုလို စီးမျောသွားတာ..။ ကိုယိ့ကိုကိုယ် သတိထားမိလိုက် ချိန်မှာ ကိုယ်ဟာ Rap သီချင်းလေးတွေ တော်တော်များများကို ချစ်တတ်နေခဲ့ပြီဆိုတာ လက်ခံဖြစ်သွားတယ်..။
ကျန်တဲ့ဂီတတွေကိုဘယ်လိုမြင်လဲ - ဂီတ ဆိုတာ ခံစားမှုကို ပုံသွင်းထားတာပါ..။ ဘယ်ဂီတမဆို ဘောင်မခတ်ဘဲ ကိုယ့်ခံစားချက်နဲ့ ကိုက်ညီရင်တော့ နားထောင်လိုက်တာ ပါပဲ..။သီချင်းဟောင်းလေးတွေကို နားထောင်ရတာကိုလည်း သဘောကျတယ်..။
အကြိုက်ဆုံးနိုင်ငံတကာ နဲ့ မြန်မာအဆိုတော်တစ်ယောက်အကြောင်း - ပြည်ပ က ဆိုရင်တော့ T-Pain နဲ့ Lil.Wayne ပေါ့..။ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျတယ်...။ ပြည်တွင်းမှာတော့ စိုင်းစိုင်းခမ်းလှိုင်..။ သီချင်း ၁ပုဒ်ချင်းစီတိုင်းကို Quality ပိုင်းအပြည့်ပေးနိုင်တယ်..။ပြီးတော့ ခေတ်ရေစီးကြောင်းကို လိုက်နိုင်တာ အရမ်းမိုက်တယ်..။
မိသားစုအကြောင်းနဲ့ ကိုယ့်ဂီတအပေါ်သူတို့ရဲ့အမြင် - မိသားစုကတော့ Music ကို လုပ်မယ်ဆိုရင်တောင် Hip Hop ကို လုပ်ဖို့အားမပေးခဲ့ပါဘူး..။ သူတို့ဖြစ်စေချင်တာက Piano လေးတီးပြီး သီချင်း ချိုချိုလေးတွေ ဆိုတဲ့သူ ၁ယောက်..။ ဒါပေမယ့် နောက်ပိုင်းတော့လည်း အားမပေးပေမယ့်မတားတော့ပါဘူး..။ ဘေးမဲ့ပေးလိုက်ပြီ ထင်ပါ တယ်..။
ဂီတနဲ့ပတ်သတ်တဲ့လှုပ်ရှားမှုလေးတွေက - ဂီတနဲ့ ပတ်သတ်ပြီးတော့ Show အတွေ့အကြုံနည်းပါတယ်..။ ပါတီပွဲတွေကျတော့ အမေကClubသွားတာမကြိုက်လို့ရှောင်နိုင် သလောက်ေ ရှာင်တယ်..။၂ ပွဲ ၃ပွဲလောက်ပဲဆိုဖြစ်သေးတယ်..။ နောက်ပိုင်းတော့ အမေနဲ့ နားလည်အောင် ညှိနှိုင်း ရမယ်ထင်တယ်..။
ကိုယ့်ဂီတနဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်း - စလုပ်တုန်းကဆို သူငယ်ချင်းတွေထဲမှာက အစ အဟြေခံရတယ်..။ ပေါတယ်..။ ဘာဖြစ်တယ်ပေါ့..။ တချို့ မသိတဲ့သူတွေကျတော့လည်း သီချင်းဆိုတဲ့ကောင်မလေး ၁ယောက်ကို မကောင်းတာလုပ်တယ်လို့ပဲ မြင်ကြတယ်..။ Swizzi တို့ ဒီသီချင်းတွေ ဆိုလာတာ မိဘပေးတဲ့မုန့်ဖိုးကို အငတ်ခံစုပြီး သီချင်း ၁ပုဒ်ဖြစ်အောင် မနည်းဖန်တီးရတာပါ..။ ဘ၀တူတဲ့သူတွေတော့ နားလည်ပါလိမ့်မယ်..။
အချစ်ရေးနဲ့အိမ်ထောင်ရေးအမြင် - အချစ်ရေးကတော့ ကံမကောင်းဘူး..။ အိမ်ထောင်ရေးကတော့ စဉ်းစားလို့ကိုမရသေးပါဘူး..။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အပေါ် တကယ် ချစ်တဲ့သူ ကိုပဲ လိုချင်တယ်..။ အချစ် ၁ခု ဖန်တီးဖို့ လွယ်ပါတယ်..။ စောင့်ထိန်းဖို့ကျ အရမ်းခက်တယ်..။ နားလည်မှုတွေရှိမှ ရင်ဆိုင်နိုင် လိမ့်မယ်လို့ထင်ပါတယ်..။
နောက်ထပ်လှုပ်ရှားသွားမယ့် အစီအစဉ်တွေ - SwizZi ကိုယ်တိုင် စီစဉ်ထားတဲ့ Magic Music WorldEntertainment အနေနဲ့ အရည်အချင်းရှိတဲ့ U.G က Hip Hop Artist တွေကိုပါ တွဲခေါ်ပြီး Official လေး ၁ ခွေ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်..။ SwizZi ကိုယ်တိုင်လည်း “ဒီနေ့ ထက် ပိုကောင်းတဲ့ မနက်ဖြန် ဖြစ်ဖို့ ” ကြိုးစားနေပါတယ်
ပရိတ်သတ်အတွက် စကားလက်ဆောင် - Hip Hop ကိုနားမလည် လို့ အပစ်ဟြေကြတဲ့သူတွေရှိတယ်..။ သီချင်းဆိုတာကို ဝေါဟာရ ကောင်းကောင်း မဖွင့်နိုင်တဲ့ ခေတ်ဟောင်း ထဲက တချို့ လူတွေ ရှိနေကြသေးပေမယ့် Hip Hop သီချင်းတွေကို ခံစားနားလည်တတ်တဲ့ ပရိတ်သတ်ကြီးအတွက်တော့ SwizZi Venus က အသက်ရှင်သရွေ့သီချင်းတွေ ဆိုပြချင်ပါတယ်..။ ယုံကြည်ပြီး အားပေးတဲ့အတွက်လည်း ကျေးဇူးဆပ်သွားပါ့မယ်လို့..။
ဆက်သွယ်နိုင်မယ့် email - ladyswizzivenus@gmail.com Facebook : Mc Swizzi Venus အခုလို မေးခွန်းလေးတွေ မေးပြီး ပရိတ်သတ်နဲ့ နီးစပ်ခွင့်ရအောင် ပြုလုပ်ပေးတဲ့ MTGL FM မှ တာဝန်ရှိသူများကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်..။
# ဟုတ်ကဲ့ ခုလိုအချိန်ပေးဖြေကြားပေးတဲ့ ညီမလေး Swizzi ကိုကျေးဇူးအထူးတင်ပါတယ်ဗျာ မကြာခင်မှာ အမိနိုင်ငံအတွက် ဂုဏ်ဆောင်နိုင်တဲ့ နိုင်ငံကျော်အဆိုတော် တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
MTGL FM
Forever With You


