Upload Your Creation

ကိုယ်တိုင်တီးခတ်၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အစသဖြင့် ကိုယ်တိုင်ဖန်တီးထားတဲ့သီချင်းတွေတင်ချင်တယ်ဆိုရင်

၁။ တေးသီချင်းနာမည်
၂။ တေးသံရှင်နာမည်
၃။ တေးရေးနဲ့ တီးခတ်ထားတဲ့သူနာမည်
၎။ Cover ပုံတစ်ပုံ
၅။ သီချင်းကို Mediafire, 4Shared, Hulk share, Soundcloud, Zippy Share အစရှိတဲ့ Site တစ်ခုခုမှာ Upload လုပ်ထားတဲ့ Mp3 File Link
၆။ မိမိပို့တဲ့သီချင်းကို မိမိတာဝန်ယူပါတယ်ဆိုကြောင်း ၀န်ခံချက်နဲ့ ကိုယ်ပိုင်အီးမေးလ်လိပ်စာမှတဆင့် အောက်ပါ Email ကိုပို့လိုက်ပါ။

သီချင်းကိုအမြန်ဆုံး ဆန်းစစ်ကြည့်ပြီး။ အထက်ပါအချက်များနဲ့ပြည့်စုံမှုရှိခဲ့ရင် ၂၄နာရီအတွင်း သို့မဟုတ် အကြောင်းတခုခုကြောင့်နှောင့်နှေးခဲ့ရင် ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ Publish လုပ်ပေးပါမယ်။ သီချင်းအတွက် အကြံပြုစာနှင့် တချားသတင်းအချက်အလက်များဝင်လာခဲ့ရင်လဲ သီချင်းပိုင်ရှင်လိပ်စာအတိုင်း အီးမေလ်းနဲ့ဆက်သွယ်ပေးမှာပါ။

မြန်မာနိုင်ငံဂီတအစည်းအရုံးနဲ့ ပတ်သတ်ပြီးပြဿနာတစ်စုံတခုဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့နဲ့ပတ်သတ်မှုမရှိစေပဲ သီချင်းပို့သူနဲ့သာတိုက်ရိုက်ပတ်သတ်ပြီး ပြဿနာကိုဖြေရှင်းစေမှာဖြစ်ပါတယ်။ ပြောချင်တာက မိမိတာဝန်မိမိကိုယ်တိုင်သာယူစေချင်ပါတယ်။

ကျွန်တော်တို့ဘက်မှလည်း Underground Music များကိုသာလက်ခံပြီးတင်ပေးမှာဖြစ်ပါတယ်။
အကယ်လို့ သီချင်းပိုင်ရှင် အဆိုရှင်ကိုယ်တိုင်က အခကြေးငွေနဲ့ တရားဝင်ရောင်းရန်ထုတ်ထားသော ဂီတအစည်းအရုံးအသိအမှတ်ပြု သီချင်းများကိုတင်ပေးစေချင်တယ် (ခွင့်ပြုတယ်) ဆိုရင်တော့ ကျွန်တော်တို့ဘက်မှ ကျေးဇူးတင်စွာနဲ့ တင်ပေးသွားမှာပါ။

သီချင်းပို့ရန်
paing.prettytreasure@gmail.com
cherrywine.admin@gmail.com

Admins Of Myanmar The Golden Land Underground

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်